လက်ချောင်းတွေအောက် ရုန်းရင်းဆန်ခတ်။ အပြေးအလွှား။
L1 + R1 ပုခုံးပေါ်ခေါင်းမှီထား။ လက်တစ်ဖက်ပေးထား။
အတူဆုံချိန် ညနေလေးနာရီ။ Start ။ (နာရီ.. ငါ့ခဏစောင့်)။
x x o ။ နှုတ်ခမ်းလေးဆူသွားရင် Game Over ။
မျက်စောင်းလှလှလေး။ Counter Attack ။ အောက်ဆီဂျင်ပုလင်း မတွေ့ရင် သေပြီ။
လက်မောင်းပေါ်က "သွား" ရာလေးနဲ့ သူမ၏နောက်ဆုံးပါဝါ။
ဆွဲဆိတ်တယ် (X) ။ ဗိုက်ခေါက်လိမ်တယ် (ဝ) ။ နဖူးချင်းတိုက်တယ် (x + ဝ)။
သူမက ကစားသမား။ ငါက ကိုယ့်ကိုကိုယ်ပြန်မိနေရတဲ့ ရုပ်မြင်သံကြား။
အိမ်အပြန်လမ်း။
Sign Out !
Game Over ။
မနက်ဖြန်ကို နှိပ် ။ အဲဒါ Restart ပဲ။
No comments:
Post a Comment