Wednesday, May 1, 2013
ဟိုင်းဝေးကျခြင်း
ကိုယ့်ကိုကိုယ်ဖျားနာပြီးမှ
သူမ.. လေယာဉ်ပျံပေါ်တက်သွားတယ်။
အဝေးပြေးလမ်းမထဲ သူမနာမည်ကလေး ကျပျောက်မှုနဲ့ ကိုယ့်ကိုဖမ်းပါ။
ဘယ်လိုဝေဒနာမျိုးနဲ့ မှောင်မလဲ။
ကိုယ်တစ်ယောက်တည်း ဘယ်ဘက်လက်ဖျံလေးပေါ် လူးလွင့်ခွင့်
တဆတ်ဆတ်တုန်လာတိုင်း ဘယ်လိုမိုးတိမ်နဲ့မှ ကိုယ်မပျောက်တော့ဘူး။
အိမ်ဦးခန်းနဲ့နေရာချင်းလဲပါ နိုင်ငံခြား။
နိုင်ငံခြားလို့ပြောပြီး သူမနဲ့ကိုယ့်ကိုပါ ခြားပစ်တယ်။
ပြောလိုက်ခါမှ ပိုဝေးသွားသလို
ပြောလိုက်ခါမှ ပြန်မရနိုင်တော့သလို
ဒါမှမဟုတ် ပိုသေချာသွားသလို။
နာရီလက်တံအတိုင်းခရီးသွားလိုစိတ်နဲ့ ချစ်တယ်။
ဝေဒနာဟာ အစိမ်းလိုက်လင်းနေတယ် ပြဿဒါး။
လမ်းတွေရှိသမျှကိုယ် အနင်းခံနေရဦးမယ်။
ကမ္ဘာကြီးဆုတ်ယုတ်မှုထဲ
ကျောပြင်ကလေး ဆံနွယ်စကလေး ကတ္တီပါဖိနပ် အစိမ်းကလေး။
ဆံနွယ်တွေဝဲကျနေတဲ့ ကျောပြင်ကလေးကိုလည်း သေခြင်းတရားလို့ပဲ ထင်တယ်။
အဝေးပြေးလမ်းမထဲ သူမနာမည်ကလေး ကျပျောက်မှုနဲ့ ကိုယ့်ကိုဖမ်းပါ။
အဝေးပြေးလမ်းမထဲ သူမနာမည်ကလေး ကျပျောက်မှုနဲ့ ကိုယ့်ကို .. ဖမ်းစမ်းပါ။
ဝ၃ ဖေဖော်ဝါရီ ၂ဝ၁၃
ဝ၂းဝ၆
တနင်္ဂနွေနေ့
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment