Friday, March 22, 2013

တနင်္လာနေ့ဟာ စိုးရိမ်စိတ်အမည်ခံ




မနက်တုန်းက ကိုယ့်အကြောင်းဖတ်လိုက်ရလား ပိုင်ဥာဏ်။
ရောင်းကုန်ထဲမှာ ကိုယ်လွမ်းနာကျနေတယ်။
ကိုယ့်နှုတ်ခမ်းမှာတပ်ဖို့ကြယ်သီးကို စိုးရိမ်စိတ်လို့မေးဝယ်ပါ။

အမှတ်မရှိတဲ့ ရုပ်ရှင်ကားဟာလည်း.. ကိုယ်ပဲ။
သူမ ပစ်လွှတ်လိုက်တဲ့အရိပ်တွေ ကိုယ်ဆီမှာပြန်ပြီး လူဝင်စားနေတယ်။
အကွာအဝေးနဲ့ကော မင်းတွေ့လိုက်သေးလား။
နောက်တစ်ခါမလွမ်းဖို့ဆုတောင်း မပြည့်မှန်း
ကိုယ်သူ့ကိုပြန်ထည့်မပေးလိုက်မိဘူး။

ကိုယ်ပစ်လိုက်တဲ့ Heart King လေး သူမ.. စားသွားတယ်။
မျှော်နေတဲ့ Heart Queen လေး ပွဲပြီးလို့မှ တက်လာပါ့မလား။
ကိုယ့်ကံကြမ္မာကို သူမ လက်ချောင်းလေးတွေနဲ့ ဖိပွတ်နေတယ်။
ကိုယ်ထိတ်လန့်နေရပြီ ပိုင်ဥာဏ်။
နောက်တစ်လှည့် သူမ.. ကံ့ကော်ပွင့်လေးကို ပစ်မှပစ်ပါ့မလားလို့။


နေပိုင်
ဝ၂.ဝ၄.၂ဝ၁၂
၂၃း၃၅

No comments:

Post a Comment