Monday, April 1, 2013

နာမည်ကြီး



မီးရောင်ဟာ အသားရောင်ပေါ်မှာဝင်းလို့
မျက်နှာလေးပေါ်မှာဝင်းလို့
အရေပြားလေးပေါ်မှာဝင်းလို့
ကင်မရာရှေ့ငိုပြီးစားတဲ့ထမင်း သူဌေးရှေ့ငိုပြီးစားတဲ့ထမင်း မိဘလုပ်စာနဲ့စားတဲ့ထမင်း
ဒီမိုကရေစီလေချဉ်နဲ့ ဘဝင်နဲ့ မင်းမသိသေးပါဘူးကွာ နဲ့
ငို ငို ငို ဝအောင်ငို ကင်မရာထဲမှာ ဘဝပျက်လည်း အပြင်မှသိက္ခာမပျက်ဖို့လိုတယ်
ခင်ဗျားသိထားဖို့က နာမည်ကြီးထမင်းငတ်လည်း မေတ္တာမငတ်ရင်ပြီးရော ကောင်းရောင်းကောင်းဝယ်
လုပ်စားတယ်ဆိုတာ မကောင်းဘူး လောလောဆယ်
ငါ့ကိုကြည့်နေမယ့်အစား ကင်မရာကိုကြည့် မင်းကိုကြည့်ရတာ ကင်မရာရှေ့မှာမီး
စား(ခံ)နေတယ် ဖက်ပစ်လိုက် သူ့ကိုအား
မနာနဲ့ နာမည်ကြီး
သွားစေရမယ်
ဘဝင်လေးကိုနည်းနည်းမော့ထား စိတ်လေးကိုနည်းနည်းကောက်ထား ဒါမှ ပိုလှမှာပေါ့
အရေပြား ညပြတ်ငှားရမ်းမှုတွေများလာတယ်
လွဲနေတဲ့သဘောထားနဲ့ အဲဒါမင်းနဲ့ဆိုင်လို့လားစိတ်ဓါတ်
ဘယ်လောက်ဝေဖန်ဝေဖန်ငါ
ခံနိုင်တယ်ဆိုပြီး ထင်ရာစိုင်းသွားတော့ စာချုပ်ထဲကွဲလိုက် အပြင်မှာကွဲလိုက်နဲ့
ကဒ်...
အဝတ်အစားမလဲနဲ့မင်းသမီး ခင်ဗျားအရေခွံတွေကိုပဲ စင်အောင်ဆေးခဲ့။

No comments:

Post a Comment