Monday, April 1, 2013

ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုးလိုက်ရတဲ့ မနက်ဟာ Update ဖြစ်ရန် ခဏအလို




ငါ့ကိုချောင်ပိတ်ထားတဲ့မျဉ်းကြောင်းတွေကိုတရားစွဲရမယ်။
လူမှုဆက်ဆံရေးနယ်ပယ်မှာ ဝင်/ဆံ့ ဖို့ လမ်းခုလတ်မှာ ကိုးယို့ကားယား။
အဆင်ပြေမယ်ထင်လို့နှုတ်ပစ်လိုက်တဲ့သွားက အသစ်ပြန်ပေါက်မလာတော့ဘူး။
ဘာမှမဟုတ်ဘူးဆိုရင်တောင် ငါပြုံးရင်သွားတစ်ချောင်းလိုနေဦးမယ်။
အခန်းထဲမှာမှောင်မိုက်။ တိတ်ဆိတ်။ ဟုတ်တယ်။
လမင်းကျကွဲတုန်းကလည်း ဒီအခန်းပဲ။ တံခါးဆွဲဖွင့်ဖို့ထက်
အလင်းရောင်ကိုကြောက်တဲ့စိတ်က ပိုများတယ်။
လက်ရှိအခြေအနေမှာ နားထောင်နေကျ I fought the law သီချင်း
Greenday ဆိုနေတုန်းမီးပျက်သွားလည်း ငါ့ဟာငါအော်ဆိုမယ်။ အော်/ကြီး/ဟစ်/ကျယ်။
ချစ်သူချာတိတ်မလေးနဲ့မတွေ့တာ (၂)ရက်ရှိပြီ။
လည်ချောင်းဝမှာ။ ကိုယ်နေလို့ထိုင်လို့မကောင်းဘူး။
မီးတောင်တစ်ခုရှာဖွေတွေ့ရှိ။ ကိုယ်။
မဟန်ဘူး။ ဘောပင်တစ်ချောင်း စာရွက်ပေါ်မှာ ကစဥ့်ကလျား
ပန်းတိုင်ရောက်အောင်ပြေးနေတယ်။ ငါလည်း ငါ့နည်းငါ့ဟန်နဲ့
မှောက်လျက်လဲ။ ပြန်ထ။ ဖုန်ခါသလိုလိုနဲ့ ပြဿဒါးတွေကိုခါပစ်လိုက်ချင်ရဲ့။ အဟက်(ခုမှရယ်လို့ရတာ)။
ဆစ်ခနဲနားထင်မှာ ထောက်ထားတဲ့သွေးကြောဟာ
ပြင်ပ အပူချိန် -၃ ဒီဂရီ ဆဲလ်ဆီးယပ်စ်နဲ့ လှိုင်းတိုမီတာ အကွာအဝေးပေါ် လတ်ယားလတ်ယား။
ခြင်္သေ့တစ်ကောင်။ အိပ်ယာထဲမှာ ပိတ်မိနေတယ်။ ငါ။
တူတူပုန်းတမ်းကစားရင်း။ ပျောက်သွား။ မနက်ကအထိ ရှိနေ/ခဲ့/ဖူး တဲ့ ရောဂါလက္ခဏာအစဟာ
ကဗျာရေးခြင်း။ စီးကရက်နှင့် ဒေါသကို
အင်တာနက်ထက်လူကြိုက်များတယ်။ လွမ်းဆွတ်ခြင်း။ စိတ္တဇဆန်ဆန်
တောင်ပံပါရင်မင်းဆီကို ... လို့ အော်ဆို..။ ဟေ့ကောင် ။
နားညီးတယ်။ တောက်ခတ်ခြင်းဖြင့် ကိုယ့်ကိုကိုယ် လူငယ်လို့သတ်မှတ်။
မာစီဒီးစ်တံဆိပ် ရည်းစားစာ။ အနီရောင်အဝိုင်း ခုံးလေး နှစ်ခုပွတ်သပ်နေရင်း တဖြည်းဖြည်း ဘာများဖြစ်လာမလဲလို့။
ဖတ်! ခနဲ...
Heart King လေးဟာ သူမလက်ထဲမှာ ကယောင်ကတမ်း
ဒီတော့ ကိုယ်က အစားထိုးမရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း။



No comments:

Post a Comment